ကံစမ်းမဲအစီအစဉ်တွင်ပါဝင်ကံစမ်းရန် အသေးစိတ် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ကံစမ်းမဲကာလ

(၂၄ ရက်နေ့ ၊ ဖေဖေါ်ဝါရီလ ၊၂၀၂၀) မှ (၂၅ ရက်နေ့ ၊ မေလ ၊ ၂၀၂၀ အထိ)

၂။ ကံစမ်းပေးမည့်ဆုမဲများ

🎁 KIA (RIO) ကားသစ် (၁) စီး
🎁 SUZUKI PICK UP ကားသစ် (၂) စီး
🎁 100,000/-Ks ငွေသားဆုမဲများ
🎁 10,000/-Ks ငွေသားဆုမဲများ
🎁 5,000/-Ks ဖုန်းဘေလ် များ
🎁 1,000/-Ks ဖုန်းဘေလ် များ
စုစုပေါင်း ဆုမဲပေါင်း (၁၀,၀၀၀) ကျော်

၃။ ကံစမ်းမဲဖွင့်ပေးမည့် နေ့ရက်များ နှင့် ဆုမဲများ

. ဧပြီလ ၊ ၂၀၂၀ ၊ ပထမအပါတ်တွင် SUZUKI PICK UP ကားသစ် (၁) စီး ၊ ငွေသားဆုများ နှင့် ဖုန်းငွေဖြည့် ကဒ်များ
· မေလ ၊ ၂၀၂၀ ၊ ပထမအပါတ်တွင် SUZUKI PICK UP ကားသစ် (၁) စီး ၊ ငွေသားဆုများ နှင့် ဖုန်းငွေဖြည့် ကဒ်များ
· ဇွန်လ ၊ ၂၀၂၀ ၊ ပထမအပါတ်တွင် KIA (RIO) ကားသစ် (၁) စီး ၊ ငွေသားဆုများ နှင့် ဖုန်းငွေဖြည့်ကဒ်များ

၄။ ကံစမ်းမဲအစီအစဉ်တွင် အကျုံးဝင်သည့် ကုန်ပစ္စည်းများ

· Shin Shin (Original Flavour) (မူလအရသာ)
· Shin Shin (Tom Yum Shrimp Flavour) (ပုစွန်ချဉ်စပ်အရသာ)
· Shin Shin (Tom Yum Creamy Shrimp Flavour) (ပုစွန်မလိုင်ချဉ်စပ်အရသာ)
· Shin Shin (Chilli Pork Flavour) (ဝက်စပ်အရသာ)
· Cho’s Kitchen (Mohingar Flavour) (မုန့်ဟင်းခါးအရသာ)
· Cho’s Kitchen (Arpusharpu Flavour) (အာပူလျှာပူအရသာ)

၅။ ကံစမ်းမဲအစီအစဉ်အား ပါဝင်နိုင်မည့် နည်းလမ်းများ

· Shin Shin နှင့် Cho’s Kitchen တံဆိပ်ပါသော မည်သည့်အိတ်ခွံ(၃)ခု နှင့်မဆို အမည် ၊ မှတ်ပုံတင်အမှတ် ၊ ဖုန်းနံပါတ် ၊ နေရပ်လိပ်စာ တို့ကို တိကျစွာ ဖြည့်စွက်ပြီး စာတိုက်သေတ္တာအမှတ် ( ၇၀၄ ) သို့မဟုတ် ( ၁၅၀၀ ) သို့ လိပ်မူ၍ ကံစမ်းမဲကာလ (၂၄ရက်နေ့ ၊ ဖေဖေါ်ဝါရီလ ၊ ၂၀၂၀) မှ (၂၅ရက်နေ့ ၊ မေလ ၊ ၂၀၂၀) အတွင်း ပေးပို့ကံစမ်း နိုင်ပါသည် ။
📢 မှတ်ချက် 📢
🔖 အမည် ၊ မှတ်ပုံတင်အမှတ် ၊ ဖုန်းနံပါတ် ၊ နေရပ်လိပ်စာ အပြည့်အစုံ နှင့် အိတ်ခွံ(၃)ခု လျှင် ကံစမ်းမဲ ကူပွန် (၁) ခု အဖြစ် သတ်မှတ်မည် ဖြစ်ပါသည် ။
🔖 အိတ်ခွံ(၃)ခု ထက်ပို၍ ပေးပို့နိုင်ပါသည်။
( ဥပမာ – အိတ်ခွံ(၆)ခု ထည့်လျှင် ကံစမ်းမဲ ကူပွန် ၂ ခုအဖြစ်သတ်မှတ်မည်ဖြစ်ပါသည် )
🔖 အစောပိုင်း ကံစမ်းပွဲတွင် မဲမပေါက်သည့် ကံစမ်းမဲကူပွန်များသည် နောက်ဆုံးအကြိမ် ကံစမ်းပွဲအထိ ဆက်လက်အကြုံးဝင်နေဆဲ ဖြစ်ပါမည်

၆။ ကံထူးသည့်သူများအား ကြေငြာပေးမည့် ပုံစံ

· ကံထူးသည့်သူများ၏ ဖုန်းနံပါတ်များကိုသာ လစဉ် ကံစမ်းမဲ ရွေးချယ်ပြီးသည့်နေ့၏ နောက်တနေ့တွင်
Shin Shin Facebook Page
www.facebook.com/ShinShin.mm
နှင့်
Cho’s Kitchen Facebook Page
www.facebook.com/ChosKitchen.mm တို့တွင် Post တင်ထားပေးမည် ဖြစ်ပါသည် ။

🔷 ကား ဆုမဲကံထူးသူများကို လစဉ် ကံစမ်းမဲရွေးချယ်ပြီးသည့်နေ့တွင် ဖုန်းဆက်ဂုဏ်ပြုစကားပြောခြင်းဖြင့် အကြောင်းကြားသွားမည် ဖြစ်သည်။ တန်ဖိုးကြီးဆုမဲများဖြစ်ပါသောကြောင့် မှားယွင်းရွေးချယ်မှုများ မဖြစ်ပေါ်စေရန် သေချာစွာစီစစ်၍ ဆုမဲအချက်အလက် များ ပြည့်စုံမှန်ကန်မှသာ ဆုမဲထုတ်ပေးမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမည် ၊ မှတ်ပုံတင်အမှတ် ၊ ဖုန်းနံပါတ် ၊ နေရပ်လိပ်စာ အပြည့်အစုံ တို့ကို မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းရန် လိုအပ်ပါသည်။
📢 မှတ်ချက် 📢
🔖 အကြောင်းကြောင်းကြောင့် ချိုချိုစက်မှုလုပ်ငန်းလီမိတက် ဈေးကွက် မြှင့်တင်ရေးဌာနမှ ကံထူးသူအား ဆက်သွယ်၍ မရခဲ့ပါက ဆုမဲ နောက်ဆုံးထုတ်ယူရမည့်ရက်အထိ စောင့်ဆိုင်းပေးသွားမည် ဖြစ်ပါသည် ။
🔖 ကံထူးသည့်သူများ၏ ဖုန်းနံပါတ်များကို လစဉ် ကံစမ်းမဲ ရွေးချယ်ပြီးသည့်နေ့၏ နောက်တနေ့တွင် Shin Shin Facebook Page နှင့် Cho’s Kitchen Facebook Page တို့တွင် Post တင်ထားပေးမည် ဖြစ်ပါသဖြင့် မိမိကံထူး/မထူး ရှာဖွေရန်နှင့် ကံထူးခဲ့ပါက ဆုထုတ်ယူရန်အတွက် ကုမ္ပဏီသို့ ဆက်သွယ်ရန်မှာ ကံစမ်းမဲတွင် ပါဝင်သူ၏ တာဝန်သာ ဖြစ်ပါသည် ။
🔷 ၁၀၀,၀၀၀ /-Ks ၊ ၁၀,၀၀၀/-Ks ၊ ကံထူးသူများ၏ ဖုန်းနံပါတ်များသို့ ကံစမ်းရွေးချယ်ပြီးသည့်နေ့မှစ၍ တစ်ပါတ်အတွင်း ဘဏ် (သို့မဟုတ်) ငွေလွှဲသည့် စနစ် တခုခုမှတဆင့် ငွေလွှဲပေးမည် ဖြစ်သည် ။ ကံစမ်းသူ ပေးပို့ထားသော ဖုန်းနံပါတ်သို့သာ ဆက်သွယ် ငွေလွဲပေးမည် ဖြစ်ပါ၍ မှားယွင်းဖြည့်သွင်းမှုများ မဖြစ်ပေါ်စေရန် ကိုယ်ရေးအချက်အလက်များ ပေးပို့ရာတွင် ဖုန်းနံပါတ်ကို မှန်ကန် ပြည့်စုံစွာ ဖြည့်သွင်းရန် လိုအပ်ပါသည်။
📢 မှတ်ချက် 📢
🔖 အကြောင်းကြောင်းကြောင့် ချိုချိုစက်မှုလုပ်ငန်းလီမိတက် ဈေးကွက် မြှင့်တင်ရေးဌာနမှ ကံထူးသူ၏ ဖုန်းနံပါတ်အား တစ်ပါတ်အတွင်း ငွေဖြည့်သွင်း၍ မရခဲ့ပါက (ဥပမာ- စက်ပိတ်ထားခြင်း ၊ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိ နေခြင်း ၊ ဖုန်းဆင်းကတ် ပျောက်ဆုံး ပျက်စီးနေခြင်း ၊ ……..) အစရှိသည့် အလားတူကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ပါက အခြားဖုန်းနံပါတ်သို ငွေလွဲပြောင်းပေးခြင်း ၊ တနည်းနည်းဖြင့် ငွေလွှဲပေးခြင်း / ငွေထုတ်ပေးခြင်းတို့ကို ပြုလုပ်ပေးမည် မဟုတ်ပါ ။
🔖 ကံထူးသည့်သူများ၏ ဖုန်းနံပါတ်များကို လစဉ် ကံစမ်းမဲရွေးချယ်ပြီးသည့်နေ့၏ နောက်တနေ့တွင် Shin Shin Facebook Page နှင့် Cho’s Kitchen Facebook Page တို့တွင် Post တင်ထားပေးမည် ဖြစ်ပါသဖြင့် မိမိကံထူး/မထူး ရှာဖွေရန်နှင့် ကံထူးခဲ့ပါက တစ်ပါတ်အတွင်း မိမိအချက်အလက်ဖြည့်သွင်းထားသော ဖုန်းနံပါတ်သို့ ကံထူးသည့်ငွေဝင်ရောက်လာခြင်း ရှိ/မရှိ စစ်ဆေးရန် လိုအပ်ပါသည် ။ ဆုမဲနောက်ဆုံးထုတ်ယူရမည့်ရက် မတိုင်ခင်ဆုထုတ်ယူရန်အတွက် ကုမ္ပဏီသို့ ဆက်သွယ်ရန်မှာ ကံစမ်းမဲတွင် ပါဝင်သူ၏ တာဝန်သာ ဖြစ်ပါသည် ။
🔷 ၅,၀၀၀/-Ks ၊ ၁,၀၀၀/-Ks ဖုန်းငွေဖြည့်ကတ် ဆုမဲကံထူးသူများ၏ ဖုန်းနံပါတ်များသို့ ကံစမ်းမဲရွေးချယ်ပြီးသည့်နေ့မှစ၍ တစ်ပါတ်အတွင်း ဖုန်းငွေဖြည့်ပေးမည် ဖြစ်သည် ။ ကံစမ်းသူ ပေးပို့ထားသော ဖုန်းနံပါတ်သို့သာ ဖုန်းငွေဖြည့်သွင်းပေးမည် ဖြစ်ပါ၍ မှားယွင်းဖြည့်သွင်းမှုများ မဖြစ်ပေါ်စေရန်ကိုယ်ရေးအချက်အလက်များ ပေးပို့ရာတွင် ဖုန်းနံပါတ် ကို မှန်ကန်ပြည့်စုံစွာ ဖြည့်သွင်းရန် လိုအပ်ပါသည်။
📢 မှတ်ချက် 📢
🔖 အကြောင်းကြောင်းကြောင့် ချိုချိုစက်မှုလုပ်ငန်းလီမိတက် ဈေးကွက် မြှင့်တင်ရေးဌာနမှ ကံထူးသူ၏ ဖုန်းနံပါတ်အား တစ်ပါတ်အတွင်း ဖုန်းငွေဖြည့်သွင်း၍ မရခဲ့ပါက (ဥပမာ- စက်ပိတ်ထားခြင်း ၊ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိ နေခြင်း ၊ ဖုန်းဆင်းကတ် ပျောက်ဆုံး ပျက်စီးနေခြင်း ၊ ……..) အစရှိသည့် အလားတူကိစ္စရပ်များ ဖြစ်ပေါ်ခဲ့ပါက အခြားဖုန်းနံပါတ်သို့ ပြောင်းလဲငွေဖြည့်ပေးခြင်း ၊ တနည်းနည်းဖြင့် ငွေလွှဲပေးခြင်း / ငွေထုတ်ပေးခြင်းတို့ ကို ပြုလုပ်ပေးမည် မဟုတ်ပါ ။
🔖 ကံထူးသည့်သူများ၏ ဖုန်းနံပါတ်များကို လစဉ် ကံစမ်းမဲရွေးချယ်ပြီးသည့်နေ့၏ နောက်တနေ့တွင် Shin Shin Facebook Page နှင့် Cho’s Kitchen Facebook Page တို့တွင် Post တင်ထားပေးမည် ဖြစ်ပါသဖြင့် မိမိကံထူး/မထူး ရှာဖွေရန်နှင့် ကံထူးခဲ့ပါက တစ်ပါတ်အတွင်း မိမိအချက်အလက်ဖြည့်သွင်းထားသော ဖုန်းနံပါတ်သို့ ကံထူးသည့် ဖုန်းငွေ ဝင်ရောက်လာခြင်း ရှိ/မရှိ စစ်ဆေးရန် လိုအပ်ပါသည် ။ ဆုမဲနောက်ဆုံးထုတ်ယူရမည့်ရက် မတိုင်ခင် ဆုထုတ်ယူရန်အတွက် ကုမ္ပဏီသို့ ဆက်သွယ်ရန်မှာ ကံစမ်းမဲတွင် ပါဝင်သူ၏ တာဝန်သာ ဖြစ်ပါသည် ။

၇။ (ဆုမဲ ထုတ်ယူရမည့် / ရရှိမည့်ပုံစံ) နှင့် (ဆုမဲနောက်ဆုံးထုတ်ယူရမည့်နေ့ရက်)

👉 ကား ကံထူးရှင်များ ဆုမဲထုတ်ယူရမည့်ပုံစံ 👈
🔷 ကားကံထူးရှင်များသည် မှတ်ပုံတင်မူရင်း နှင့်တကွ ချိုချိုစက်မှုလုပ်ငန်းလီမိတက် စျေးကွက်မြှင့်တင်ရေးဌာနတွင် (၃ဝရက်နေ့ ၊ ဇွန်လ ၊ ၂၀၂၀ ၊ ညနေ (၅:၀၀)နာရီ) နောက်ဆုံးထား၍ လူကိုယ်တိုင်လာရောက် ဆုမဲထုတ်ယူရမည် ။
📢 မှတ်ချက် 📢
🔖 ဆုမဲနောက်ဆုံးထုတ်ယူရမည့်ရက် ကျော်လွန်လျှင် ဆုမဲထုတ်ပေးမည် မဟုတ်ပါ ။
👉 ၁၀၀,၀၀၀/-Ks ကံထူးရှင်များ ဆုမဲထုတ်ယူရမည့်ပုံစံ 👈
🔷 ၁၀၀,၀၀၀/-Ks ကံထူးသည့် ကံထူးရှင်များသည် ချိုချိုစက်မှုလုပ်ငန်းလီမိတက် စျေးကွက် မြှင့်တင်ရေးဌာန သို့ မိမိ၏ မှတ်ပုံတင်အထောက်အထားအား တနည်းနည်းဖြင့် ဆက်သွယ်ပေးပို့၍ အတည်ပြုချက် ရယူပြီးပါက ဘဏ် (သို့မဟုတ်) ငွေလွှဲသည့် စနစ် တခုခုမှတဆင့် ငွေလှွဲခြင်းဖြင့်ဖြစ်စေ ၊ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ (၃ဝရက်နေ့ ၊ ဇွန်လ ၊ ၂၀၂၀) ၊ ညနေ (၅:၀၀)နာရီ) နောက်ဆုံးထား၍ ဆုမဲထုတ်ယူရမည် ။
📢 မှတ်ချက် 📢
🔖 ဆုမဲနောက်ဆုံးထုတ်ယူရမည့်ရက် ကျော်လွန်လျှင် ဆုမဲထုတ်ပေးမည် မဟုတ်ပါ ။
👉 ၁၀,၀၀၀/ -Ks ကံထူးရှင်များ ဆုမဲထုတ်ယူရမည့်ပုံစံ 👈
🔷 ကံထူးသူများ၏ ဖုန်းနံပါတ်များသို့ ကံစမ်းရွေးချယ်ပြီးသည့်နေ့မှစ၍ တစ်ပါတ်အတွင်း ဘဏ် (သို့မဟုတ်) ငွေလွှဲသည့် စနစ် တခုခုမှတဆင့် ငွေလွှဲပေးမည် ဖြစ်သည် ။ ဆုမဲနောက်ဆုံးထုတ်ယူရမည့်ရက် – ၃ဝရက်နေ့ ၊ ဇွန်လ ၊ ၂၀၂၀ ၊ ညနေ (၅:၀၀)နာရီ မတိုင်ခင် ဆုထုတ်ယူရန်အတွက် ကုမ္ပဏီသို့ ဆက်သွယ်၍ ဆုမဲထုတ်ယူချိန်အမှီ ဆုမဲထုတ်ယူရန်မှာ ကံစမ်းမဲတွင် ပါဝင်သူ၏ တာဝန်သာ ဖြစ်ပါသည် ။
📢 မှတ်ချက် 📢
🔖 ဖုန်းနံပါတ် မှားယွင်းဖြည့်သွင်းထားခြင်းအတွက် ကုမ္ပဏီမှ တာဝန်ယူမည် မဟုတ်ပါ ။
🔖 ကံစမ်းမဲရွေးချယ်ပြီးသည့်ရက်မှစ၍ တစ်ပါတ်အတွင်း မိမိကံထူး/မထူး ရှာဖွေရန်နှင့် ကံထူးခဲ့ပါက တစ်ပါတ်အတွင်း မိမိအချက်အလက်ဖြည့်သွင်းထားသော ဖုန်းနံပါတ်သို့ ကံထူးသည့် ငွေ ဝင်ရောက်လာခြင်း ရှိ/မရှိ စစ်ဆေးရန် လိုအပ်ပါသည် ။ ဆုမဲနောက်ဆုံးထုတ်ယူရမည့်ရက် မတိုင်ခင် ဆုထုတ်ယူရန်အတွက် ကုမ္ပဏီသို့ ဆက်သွယ်ရန်မှာ ကံစမ်းမဲတွင် ပါဝင်သူ၏ တာဝန်သာ ဖြစ်ပါသည် ။
🔖 ဆုမဲနောက်ဆုံးထုတ်ယူရမည့်ရက် ကျော်လွန်လျှင် ဆုမဲထုတ်ပေးမည် မဟုတ်ပါ ။
👉 5,000/ -Ks ၊ 1,000/-Ks ဖုန်းငွေဖြည့်ကဒ် ကံထူးရှင်များ ဆုမဲရရှိမည့်ပုံစံ 👈
🔷 ကံထူးသူများ၏ ဖုန်းနံပါတ်များသို့ ကံစမ်းမဲရွေးချယ်ပြီးသည့်နေ့မှစ၍ တစ်ပါတ်အတွင်း ဖုန်းငွေဖြည့်ပေးမည် ဖြစ်ပါသည်။ ဆုမဲနောက်ဆုံးထုတ်ယူရမည့်ရက် – ၃ဝရက်နေ့ ၊ ဇွန်လ ၊ ၂၀၂၀ ၊ ညနေ (၅:၀၀)နာရီ မတိုင်ခင် ဆုထုတ်ယူရန်အတွက် ကုမ္ပဏီသို့ ဆက်သွယ်၍ ဆုမဲထုတ်ယူချိန်အမှီ ဆုမဲထုတ်ယူရန်မှာ ကံစမ်းမဲတွင် ပါဝင်သူ၏ တာဝန်သာ ဖြစ်ပါသည် ။
📢 မှတ်ချက် 📢
🔖 ဖုန်းနံပါတ် မှားယွင်းဖြည့်သွင်းထားခြင်းအတွက် ကုမ္ပဏီမှ တာဝန်ယူမည် မဟုတ်ပါ ။
🔖 ကံစမ်းမဲရွေးချယ်ပြီးသည့်ရက်မှစ၍ တစ်ပါတ်အတွင်း မိမိကံထူး/မထူး ရှာဖွေရန်နှင့် ကံထူးခဲ့ပါက တစ်ပါတ်အတွင်း မိမိအချက်အလက်ဖြည့်သွင်းထားသော ဖုန်းနံပါတ်သို့ ကံထူးသည့် ဖုန်းငွေ ဝင်ရောက်လာခြင်း ရှိ/မရှိ စစ်ဆေးရန် လိုအပ်ပါသည် ။ ဆုမဲနောက်ဆုံးထုတ်ယူရမည့်ရက် မတိုင်ခင် ဆုထုတ်ယူရန်အတွက် ကုမ္ပဏီသို့ ဆက်သွယ်ရန်မှာ ကံစမ်းမဲတွင် ပါဝင်သူ၏ တာဝန်သာ ဖြစ်ပါသည် ။
🔖 ဆုမဲနောက်ဆုံးထုတ်ယူရမည့်ရက် ကျော်လွန်လျှင် ဆုမဲထုတ်ပေးမည် မဟုတ်ပါ ။

၈ ။ ကံစမ်းမဲအစီအစဉ်နှင့် ပါတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ

☑ Shin Shin & Cho’s Kitchen ၏ ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းသူများသည် ချိုချိုစက်မှုလုပ်ငန်းလီမိတက် မှှ အသေးစိတ်ဖော်ပြထားသည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို နားလည်သိရှိလက်ခံသဘောတူပြီးဖြစ်ရမည်။
☑ ပေးပို့လာသည့် အိတ်ခွံများမှာ ရှေ့မျက်နှာစာရှိ Shin Shin (သို့မဟုတ်) Cho’s Kitchen တံဆိပ်များ အပြည့်အစုံမပါရှိပဲ စုတ်ပြဲပျက်စီးနေခြင်း ၊ ကိုယ်ရေးအချက်အလက်များဖြစ်သော အမည် ၊ မှတ်ပုံတင်အမှတ် ၊ ဖုန်းနံပါတ် ၊ နေရပ်လိပ်စာ တို့ကို ပြည့်စုံစွာ ဖြည့်သွင်းထားမှုမရှိခြင်း ၊ အစရှိသည့် ကံစမ်းသူများအား ကံစမ်းမဲအစီအစဉ်တွင် ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ ။
☑ ချိုချိုစက်မှုလုပ်ငန်းလီမိတက်သည် ဤအစီအစဉ် (သို့မဟုတ်) ဤစည်းမျဉ်းစည်းကမ်းအား အချိန်နှင့်အမျှ ပြောင်းလဲခြင်း၊ ယာယီ (သို့မဟုတ်) အမြဲ ရပ်တန့်ခြင်းတို့အား ကြိုတင်အကြောင်းကြားသည်ဖြစ်စေ၊ အကြောင်း မကြားသည်ဖြစ်စေ ပြုလုပ်ခွင့်ရှိသည် ။
☑ သတ်မှတ်ထားသောအချက်အလက်များ ၊ ဆုမဲနောက်ဆုံးထုတ်ယူရမည့်ရက်ထက် ကျော်လွန်ခြင်းများ ၊ သတ်မှတ် ထားသည့် စည်းကမ်းချက်များနှင့့် မကိုက်ညီပါက ဆုမဲထုတ်ယူခွင့်မရရှိခြင်း ၊ ဆုမဲရုတ်သိမ်းခြင်းများကို လုပ်ဆောင် သွားမည် ဖြစ်သည်။
☑ ဆုမဲများအား မသမာသော ရည်ရွယ်ချက်ဖြင့် ထုတ်ယူရန်ကြိုးစားခြင်းနှင့် မသင်္ကာစရာ တစ်စုံတစ်ရာ တွေ့ရှိပါက တည်ဆဲ တရားဥပဒေအရအရေးယူခြင်းခံရပါမည်။
☑ဆုမဲထုတ်ယူခြင်း၊ ရယူခြင်း ၊ ပါဝင်ကံစမ်းခြင်းနှင့်ပတ်သက်၍ ထပ်မံကုန်ကျသည်များကို မည်သည့်အခြေအနေမျိုးတွင် မဆို ချိုချိုစက်မှုလုပ်ငန်းလီမိတက် မှ တာဝန်ယူမည်မဟုတ်ပါ။
☑ ချိုချိုစက်မှုလုပ်ငန်းလီမိတက်၏ စျေးကွက်မြှင့်တင်ရေးဌာနမှ Promotion နှင့် ပါတ်သက်၍ အချိန်နှင့်တပြေးညီ အသိပေးအကြောင်းကြားရန်ရှိပါက သင်ပေးထားသော ကိုယ်ရေးအချက်အလက်တို့ကိုအသုံးပြု၍ ဆက်သွယ်ခြင်းများအပေါ် သဘောတူပြီးဖြစ်ပါသည်။
☑ ချိုချိုစက်မှုလုပ်ငန်းလီမိတက်၏ စျေးကွက်မြှင့်တင်ရေးဌာနမှ လစဉ် ကံစမ်းရွေးချယ်ပြီး ကံထူးခဲ့ပါက ပါဝင်ကံစမ်းထားသူ ပေးထားသော ကိုယ်ရေးအချက်အလက် ထဲမှ ဖုန်းနံပါတ်အား Facebook တွင် Post တင်ခြင်းအပေါ် သဘောတူပြီးဖြစ်ပါသည်။
☑ ဤကံစမ်းမဲအစီအစဉ်တွင် ချိုချိုစက်မှုလုပ်ငန်းလီမိတက်မှ ဝန်ထမ်းများနှင့် ၎င်းတို့်၏ဆွေမျိုးများ ၊ ဤကံစမ်းမဲ အစီအစဉ်နှင့် ဆက်စပ်သော Media များပါဝင််ကံစမ်းခွင့်မရှိပါ။
☑ အငြင်းပွားဖွယ်ရာ တစုံတရာ ဖြစ်ပေါ်လာပါက ချိုချိုစက်မှုလုပ်ငန်းလီမိတက် ၏ ဆုုံးဖြတ်ချက်သာအတည်ဖြစ်ပါသည်။

ကံစမ်းမဲနှင့်ပါတ်သက်၍ စုံစမ်းမေးမြန်းခြင်း နှင့်အခြား သိရှိလိုသည်များ ရှိပါက

Shin Shin Messenger
https://m.me/ShinShin.mm
သို့ စာပို့၍ သော်လည်းကောင်း
Hot Line Number 09406099040 သို့ဖုန်းခေါ်ဆို၍ သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။