Cho Cho Industry Ltd ၏ မန်နေဂျင်း ဒါရိုက်တာ မိသားစု နှင့်တကွ ဝန်ထမ်းများရဲ့ ကျပ်သိန်းပေါင်း (၁၃၀၀) ကျော် မတည်ပြီး လှူဒါန်းမည့် စုပေါင်းမဟာဘုံကထိန်အလှူ ကို ဒုတိယမြောက် ကျောင်းတိုက် အဖြစ် တောင်ကြီးမြို့၊ အေးသာယာစက်မှုဇုန်၊ ဂန္ထဝိပဿနာ သာသနာလင်္ကာရ ကျောင်းတိုက်၌ ယနေ့ (၁၈.၁၀.၂၀၂၅) စနေနေ့ တွင် ကျပ်သိန်း (၅၀၀) ကျော်ကို ထပ်မံ လှူဒါန်းကျင်းပခဲ့တဲ့ ပုံရိပ်များ ကို ဝမ်းမြောက်စွာ မျှဝေပေးလိုက်ပါတယ်..
 
အလှူတွင် ပဓာန နာယက ဆရာတော် ဘန္နန္တဒေါက်တာမဟောသဓာလင်္ကာရာဘိဝံသ အမှူးပြုသော သံဃာတော် အပါး (၁၉၁) ပါး အား ကထိန်လျာသင်္ကန်း၊ အရံသင်္ကန်း နှင့် လှူဖွယ်ဒါနဝတ္ထုအစုစု တို့ကို ဆပ်ကပ်လှူဒါန်းခဲ့ပြီး ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်အားလုံးကိုလည်း အာဟာရဒါန ထမင်း၊ဟင်း တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါတယ်။
 
ယခုလို မွန်မြတ်လှတဲ့ အလှူဒါနကုသိုလ်အဖို့ကို အတူတကွသာဓုခေါ်ဆိုနိုင်စေဖို့အတွက် မျှဝေပေးလိုက်ပါတယ်…