Cho Cho Group of Companies ရဲ့ ဓမ္မဒါနတရားအလှူတော်ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် (တနင်္လာ)နေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်းခန်းမမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ တရားအလှူတော်မှာ ကျေးဇူးတော်ရှင် အောက်စဖို့ဆရာတော်ပါမောက္ခဒေါက်တာ အရှင်ဓမ္မသာမိမှ လုပ်ငန်းခွင် ပျော်ရွှင်တိုးတက်ဖို့ ဗုဒ္ဓ၏ အဆုံးအမများကို ကုမ္ပဏီမိသားစုများအား ဟောကြားပို့ချပေးခဲ့ပါတယ်။