Cho Cho Industry Ltd ၏ MD မိသားစုနှင့်တကွ ဝန်ထမ်းများရဲ့ကျပ်သိန်းပေါင်း (၁၃၀၀) ကျော်မတည်လှူဒါန်းတဲ့ စုပေါင်းမဟာဘုံကထိန်အလှူကို တတိယမြောက်ကျောင်းတိုက်အဖြစ် မိုင်းနောင်မြို့ မင်္ဂလာရန်အောင်ကျောင်းတိုက်၌ (၂၁.၁၀.၂၀၂၅) အင်္ဂါနေ့တွင် ကျပ်သိန်း (၃၄၀) ကျော်ကို ထပ်မံလှူဒါန်းကျင်းပခဲ့ပြီး ထိုပုံရိပ်များကို ဝမ်းမြောက်စွာ ဖော်ပြပေးလိုက်ပါတယ်။
အလှူတွင် ပဓာန နာယက ဆရာတော် ဘန္နန္တဒေါက်တာမဟောသဓာလင်္ကာရာဘိဝံသ အမှူးပြု၍ သံဃာတော် နှင့် သီလရှင် များအား ကထိန်လျာသင်္ကန်း၊ အရံသင်္ကန်းနှင့် လှူဖွယ်ဒါနဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်အားလုံးကိုလည်း အာဟာရဒါန ထမင်း၊ဟင်း တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါတယ်။
ယခုလို မွန်မြတ်လှတဲ့ အလှူဒါနကုသိုလ်အဖို့ကို အတူ သာဓုခေါ်ဆို၍ ကုသိုလ်များ မျှဝေခံစားကြပါစို့ 