Cho Cho Industry Ltd မန်နေဂျင်း ဒါရိုက်တာ မိသားစု နှင့်တကွ ဝန်ထမ်းများရဲ့စုပေါင်းမဟာဘုံကထိန်အလှူကို ပြင်ဦးလွင်မြို့၊ အောင်ချမ်းသာကျောင်းတိုက်၌ ယနေ့ (၁၁.၁၀.၂၀၂၅) စနေနေ့ တွင် ဝမ်းမြောက်စွာဖော်ပြပေးလိုက်ပါတယ်..
ဆရာတော် ဘန္နန္တဒေါက်တာမဟောသဓာလင်္ကာရာဘိဝံသ အမှူးပြုသော သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိသတ်အားလုံးကိုလည်း ထမင်းရေချောင်းစီးမောင်းတီးပြီး စတုဒိသာကျွေးမွေးလှူဒါန်းခဲ့ပါတယ်။
အလှူဒါနကုသိုလ်အဖို့ကို အတူတကွသာဓုခေါ်ဆိုနိုင်စေဖို့အတွက် မျှဝေပေးလိုက်ပါတယ်။